♪ ♫ ♠ ☼ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ ☼ ♠ ♫ ♪

Saturday, September 19, 2009

ကြက်တူရွေး


မိန်းကလေး သုံးယောက် ကျောင်းသွားတက်ရာ လမ်းခုလတ်က အိမ် တအိမ်တွင် ကြက်တူရွေးတစ်ကောင်မွေးထားသည်။ ထိုကြက်တူရွေးသည် ထိုမိန်းကလေး သုံးယောက် အိမ်ရှေ.ဖြတ်သွားတိုင်း အရောင်၃ ရောင် ကို ရွက်သည်။

နေ.တိုင်းရွတ် နေတော့ မိန်းကလေး သုံးယောက်လဲ သတိထားမိလာသည်။ တနေ. တွင် သေချာနားထောင်ကြည့်လိုက်ရာ ‘အ၀ါ၊ အနီ၊ အနက်’ လို. ရွတ်နေသည် ကို ကြားမိလိုက်သည်။

မိန်းကလေး တစ်ယောက်က သွားစဉ်းစားမိသည်မှာ ဒီအရောင်ဟာ သူမရဲ. အတွင်းခံဘောင်းဘီအရောင်ပါလား လို. သဘောပေါက်လာပြီး ကျန်နှစ်ယောက်ကို
ပြောပြသည်။ ဒါပေမယ့် လက်ခံ ဖို. အင်တင်တင်ဖြစ်နေကြသေးသည်။

ဒါနဲ.နောက်တနေ. သုံးယောက်လုံး အနက်ရောင် အတွင်းခံ ဘောင်းဘီ ကိုယ်စီ ၀တ်ဆင်ခဲ့ရာမှာ ထိုကြက်တူရွေး က ‘အနက်၊ အနက်၊ အနက်’ လို.ရွတ် သဖြင့်
အင်မတန်အံ့အားသင့်ခဲ့ပြန်သည်။

ထိုအခါ မိန်းကလေးတစ်ယောက် က ‘ဟေ့ ငါ့တို. မနက်ဖြန် ဒီကြက်တူရွေး ကို ပညာပြရအောင်’ ဟုဆို ကာ သုံးယောက်လုံး အတွင်းခံ ဘောင်းဘီ မ၀တ်ပဲ
ထွက်လာကြသည်။

ထိုနေ.တွင် ကြက်တူရွေး က ထိုသုံးယောက်ကို မြင်တော့ အနည်းငယ် ထွေသွားပြီး ဦးခေါင်းကို ခါယမ်းခါ ၍ ခဏတာ စဉ်းစား အပြီး ဟောဒီလို
ရွတ်လိုက်ပါတော့သည်။
‘အအို ၊ အအို ၊ အပြို'
(မိတ်ဆွေတဦးထံမှ Email မှတဆင့်ရရှိသည်၊၊)

အပြည့်အစုံဖတ်ရန်...

Sunday, September 13, 2009

ဘဝ


နှစ်ခြိုက်မိသည်မှာအမှန်ပင်၊ဘာတွေရေးထားလည်းဆိုတော့

ရုပ်ရည်ချောမောလွန်းသည့် မိန်းမ= သင့်အား အလှ ဗန်းပြပြီး တစ်သက်လုံး ညှင်းပန်း နှိပ်စက်မည်ဖြစ်သည်။

ရုပ်ဆိုးသောမိန်းမ= ရုပ်ရည် မလှ လှအောင် ကြိုးပမ်းနေခြင်းဖြင့် သင့်အားနှိပ်စက်မည်ဖြစ်သည်။

ပညာတတ်လွန်းသောမိန်းမ=တတ်သည့်ပညာများကို အကုန် ထုတ်ထုတ်ပြ နေခြင်းဖြင့် သင့်အား နှိပ်စက် မည်ဖြစ်သည်။

ပညာမတတ်သော မိန်းမ= ပညာတတ်ယောင်ဆောင်၍ တဇွတ်ထိုးလုပ်ခြင်းများဖြင့် သင့်အား နှိပ်စက်နေ မည်ဖြစ်သည်။

ဥစ္စာကြွယ်ဝသော မိန်းမ= အတောမတတ်နိုင်သည့် ၄င်း၏လောဘ၊မောဟများဖြင့် သင့်အားနှိပ်စက် နေမည်ဖြစ်သည်။

ဥစ္စာနည်းသော မိန်းမ=ဥစ္စာဓန အလိုရှိနေသရွေ့  တိုးပွါးမလာခြင်းကို အကြောင်းပြုကာ သင့်ကိုနှိပ်စက်မည် ဖြစ်သည်။

မိန်းမများနှင့် ကင်းအောင်နေခြင်း= သင်သည် အလကားလူ ဖြစ်သည်။

မိန်းမများနှင့်သာ နေထိုင်ခြင်း=သင်သည် အလွန်မိုက်မဲသော သူဖြစ်သည်၊၊
(သူရိယ မှကူးယူဖေါ်ပြသည်၊၊)

အပြည့်အစုံဖတ်ရန်...

Monday, September 7, 2009

လေလှိုင်းပေါ်ကအာရုံများ


ဟဲလို..ကလင်..ကလင်…. “ဦးငါးပုလင်းအန်ဖတ်ကြီးမျောက်ကြော်လား”
“အင်းပြော.. ဒေါ်မေသော်က’’..... ထိုအခါ ဒေါ်မေသော်က,က
“ဦးမျောက်ကြော်ဟိုဟာလေ သွတ်ပြားတို့မတွေ့တာကြာရောပေါ့နော်၊၊”
ဘေးနားတွင်အမြီး တဖျပ်ဖျပ်ရမ်းနေသော ကျွဲကြီးက
“မတွေ့တာ ကြာပြီဆိုတော့ ကြက်မျက်သင့်နေလို့ပေါ့ဟု”
ဘေးနားကနေ ဘုမသိ၊ ဘမသိ တယော ၀င်ထိုးသည်၊၊

“ဟေ့ဟေ့ ဒေါ်မေသော်က နင်ကတော်တော်မျက်နှာဘေး ကောင်းလှချည်လား”
“ဒီလိုလည်း မဟုတ်ရပါဘူး၊အန်ဖတ်ကြီးမျောက်ကြော်ရယ်….
သွတ်ပြားနဲ့ ငကျွဲတို့က နင်ပြီးရင် ငါ့အလှည့် မုန်းလို့မရတဲ့ချစ်သူတွေဆိုတာကို နားလည်ပေးဦးပေါ့နော်”....

ငါးပုလင်းမျောက်ကြော်၏ စူပါ ပါတနာငါးပုလင်းကြော်ဝင်းသည် ငါးပုလင်းမျောက်ကြော် ထံမှ Nokia N95 ကိုဆက်ကနဲဆွဲယူပြီး ငါးပုလင်းကြော်ဝင်းက “နားလည်တော့မပေးနိုင်ဘူး ဂေါ်ဆယ်ပေးပြီး ငါး ၅ပုလင်းဝယ်သောက်တာမှ တွက်ခြေကိုက်ဦးမယ်” ဟုဂျင်းထနေသော လေသံဖြင့် ပြောလေသည်၊၊

“အင်းရှေ့လဆိုရင် တော်သလင်းလထဲ ရောက်တော့မှာနော်” လို့ မေသော်က,
ကစက်ဆီ ၊ အမဲဆီကျသောငြုတုတု လေသံဖြင့် ပြောပြသည်၊၊
ငါးပုလင်းကြော်ဝင်းက “တို့က ၁၂ ရာသီတခုလုံးတော်သလင်းလတွေ ဖြစ်လိုက်ရင် ကောင်းမှာပဲ” လို့ မပွင့်တပွင့်ပြောသည်၊၊

“ဦးငါးပုလင်းကြော်ဝင်းရယ် မေသော်ပြောတဲ့စကားကို ယုံပေးမှာလား ” “အင်း.. ချီးပါးချီးပက်ဆိုင်က $1ဒေါ်လာတန်ယုန်ရုပ်ကိုပေးရမှာလား?”
“ဟင့်အင်း ဦးငါးပုလင်းကြော်ဝင်း ငါးသောက်တာတန်ဆေး လွန်ကောင်း ဖြစ်နေပြီနော်”၊၊ မေသော်က စကားလမ်းကြောင်း အဆက်ဖြတ်ရန် ဥပါယ်တံမျဉ်သခင်မ ပရိယာယ်ဆင်လိုက်ပြီး
“ဦးငါးပုလင်းကြော်ဝင်း second call၀င်နေလို့နော် နောက်မှပြန်call လိုက်မယ်နော်၊ take care နော် စိတ်ညစ်ရင် အိုးစည်တီးနော်”ဟုပြောပြီး ignore key ကိုနှိပ်ပြီး ဖုန်းချသွားလေတော့သည်၊၊

မစ္စတာဗစ္စတာရင်း၊၊

အပြည့်အစုံဖတ်ရန်...