ဟဲလို..ကလင်..ကလင်…. “ဦးငါးပုလင်းအန်ဖတ်ကြီးမျောက်ကြော်လား”
“အင်းပြော.. ဒေါ်မေသော်က’’..... ထိုအခါ ဒေါ်မေသော်က,က
“ဦးမျောက်ကြော်ဟိုဟာလေ သွတ်ပြားတို့မတွေ့တာကြာရောပေါ့နော်၊၊”
ဘေးနားတွင်အမြီး တဖျပ်ဖျပ်ရမ်းနေသော ကျွဲကြီးက
“မတွေ့တာ ကြာပြီဆိုတော့ ကြက်မျက်သင့်နေလို့ပေါ့ဟု”
ဘေးနားကနေ ဘုမသိ၊ ဘမသိ တယော ၀င်ထိုးသည်၊၊
“ဟေ့ဟေ့ ဒေါ်မေသော်က နင်ကတော်တော်မျက်နှာဘေး ကောင်းလှချည်လား”
“ဒီလိုလည်း မဟုတ်ရပါဘူး၊အန်ဖတ်ကြီးမျောက်ကြော်ရယ်….
သွတ်ပြားနဲ့ ငကျွဲတို့က နင်ပြီးရင် ငါ့အလှည့် မုန်းလို့မရတဲ့ချစ်သူတွေဆိုတာကို နားလည်ပေးဦးပေါ့နော်”....
ငါးပုလင်းမျောက်ကြော်၏ စူပါ ပါတနာငါးပုလင်းကြော်ဝင်းသည် ငါးပုလင်းမျောက်ကြော် ထံမှ Nokia N95 ကိုဆက်ကနဲဆွဲယူပြီး ငါးပုလင်းကြော်ဝင်းက “နားလည်တော့မပေးနိုင်ဘူး ဂေါ်ဆယ်ပေးပြီး ငါး ၅ပုလင်းဝယ်သောက်တာမှ တွက်ခြေကိုက်ဦးမယ်” ဟုဂျင်းထနေသော လေသံဖြင့် ပြောလေသည်၊၊
“အင်းရှေ့လဆိုရင် တော်သလင်းလထဲ ရောက်တော့မှာနော်” လို့ မေသော်က,
ကစက်ဆီ ၊ အမဲဆီကျသောငြုတုတု လေသံဖြင့် ပြောပြသည်၊၊
ငါးပုလင်းကြော်ဝင်းက “တို့က ၁၂ ရာသီတခုလုံးတော်သလင်းလတွေ ဖြစ်လိုက်ရင် ကောင်းမှာပဲ” လို့ မပွင့်တပွင့်ပြောသည်၊၊
“ဦးငါးပုလင်းကြော်ဝင်းရယ် မေသော်ပြောတဲ့စကားကို ယုံပေးမှာလား ” “အင်း.. ချီးပါးချီးပက်ဆိုင်က $1ဒေါ်လာတန်ယုန်ရုပ်ကိုပေးရမှာလား?”
“ဟင့်အင်း ဦးငါးပုလင်းကြော်ဝင်း ငါးသောက်တာတန်ဆေး လွန်ကောင်း ဖြစ်နေပြီနော်”၊၊ မေသော်က စကားလမ်းကြောင်း အဆက်ဖြတ်ရန် ဥပါယ်တံမျဉ်သခင်မ ပရိယာယ်ဆင်လိုက်ပြီး
“ဦးငါးပုလင်းကြော်ဝင်း second call၀င်နေလို့နော် နောက်မှပြန်call လိုက်မယ်နော်၊ take care နော် စိတ်ညစ်ရင် အိုးစည်တီးနော်”ဟုပြောပြီး ignore key ကိုနှိပ်ပြီး ဖုန်းချသွားလေတော့သည်၊၊
မစ္စတာဗစ္စတာရင်း၊၊
Monday, September 7, 2009
လေလှိုင်းပေါ်ကအာရုံများ
Sunday, August 23, 2009
တံငါသည်မျောက်ကြော်၏ရေခဲစိမ် ပလပ်စတစ်ပုလင်းလေးများ
ကြယ်စင်များကိုရေတွက်နေသောကြောင့်လား၊ဒါမှမဟုတ်ကျေးဇူးရှင်
ကြမ်းပိုးကိုက်၍လားမသိ၊ညကမျောက်ကြော်မအိပ်သည်မှာအမှန်ပင်။
မျောက်ကြော်တွင်အိပ်တဲ့ညနှင့်မအိပ်တဲ့ညဟူ၍၂ပုလင်းခွဲထားသည်။
၁လုံးကမီးထွမ်းဖို့ ၊ ၁လုံးက ကက်ဆက်ဖွပ်ဖို့၊သို့သော်မနေ့ညက
သူ့အတွက်မအိပ်တဲ့ညဖြစ်သည်။
ဘွဲ့မှူးသီချင်းထဲကလို“ ငါးဖမ်းဝမ်းစာ ရှာ”ကုတင်ပေါ်ကနေတံငါသည်
လုပ်နေသည်။ဆရာခခွေးစာအုပ်ထဲကဆားပုလင်းနှင်းမောင်ကိုအားကျပြီး
သူ့နာမည်ကိုငါးပုလင်းမျောက်ကြော်ဟုခေါ်ပါကမျောက်ကြ၊ွမျောက်ကြွ
နှင့်ဖနောင့်သံဆူးသလိုဖြစ်နေသည်။
ဒါတင်မကသေးဒီနေ့ဘယ်နှစ်ကောင်ရသလဲလို့မေးရင်လွန်စွာမှနှစ်ခြိုက်
ကာ သွားနားရွက် တက်ချိတ်မည့်ပုံစံမျိုး။ တခါတလေကျတော့ မလွယ်
ပြတ်တုန်းလပ်တုန်း၂၃ ရက်နေနှောင်းပိုင်းရေချိုးပြန်သည့်ရက်များတွင်
သတိထားပြီးနှုတ်ဆက်ရသည်။ သို့မဟုတ်ပါကလုံးကြီးတင်ဆံခတ်
ဝစ္စနှစ်လုံးပေါ်က် ပစ္စည်းဖြင့်ကန်တော့ကာ ထောပနာပြုသွားနိုင်သည်။
Play ခလုတ်ကို နှိပ်လိုက်သည်။ အော်တာအဆိုတော်ဒိုးလုံး၏ “ အရိုးထိ
စွဲအောင်ရူး”သီချင်းကိုဆိုနီအဲရစ်ဆင် ဖုန်းဖြင့်နားသောတဆင်နေသည်။
လက်ကလည်း ဂဏာမငြိမ်၊ဟိုကွေး ဒီကွေးနဲ့ ဂိုင်စီကွေးနေလာတော့
မပြောတတ်ပါ။ ပြန်ပြောပြဖို့ တော်တော် ခက်လိမ့်မည်။သူချစ်သော
အော်တာအဆိုတော်ဒိုးလုံးမှကား အခုတော့ ချောသွားပြီ။မျောက်ကြော်ပဲ
ကျန်တော့သည်။ ဒါပေမယ့် သူလည်းချောနိုင်သည်။ ၀မ်းပျက်ဝမ်းချော
လောက်ပါ။
မစ္စတာဗစ္စတာရင်း
ဗြုတ်စဗျင်းထောင်းနဲ့၇၂၀ံဒီဂရီ
သူကစံလင်းရဲ့ပြောင်းပြန်စီးသော မြစ်ထဲကလိုဘ၀ကိုလည်းတည်ဆောက်
ဆဲအချစ်ကိုလည်း ရှာဖွေဆဲ၊ ဒီလိုနဲ့ပဲ ဂျူရောင်းအိုင်လန်ည၊ ကန်းတက်ည၊
အကာစီရာညတို့ကို ပလပ်စတစ်ဗူးပေါင်းများစွာဖြင့် ကျော်ဖြတ်ခဲ့သည်။
ပြီးတော့ အာရုံလိုအင်အတွက် နစ်ကိုတင်းကို မှီဝဲသည်။သူ၏ အိပ်ယာ
အဖော်မွန်မှာစူပါ မိုက္ကရိုလိပ်များပင်ဖြစ်တယ်၊၊သူနဲ့အတူအိပ်ယာထဲတွင်
ကြေကွဲနေ့ညများစွာကို ဖန်တီးသည်။
ကာဗိုဟိုက်ထရိတ်သည်ရီဝေယစ်မူးမူကို ဖီလင်မခံနိုင်အောင်ပဲများသော
ကြောင့်ညစဉ်ညစာသုံးဆောင်မှုကိုhard disk ထဲမှdeletedလုပ်ထားသည်။
သောတလိုအင်အတွက် ရော့ခ်ဂီတကိုကား ipod မှတဆင့် UBL တံဆိပ်ပါ
7.1 home theatre surrounding system speaker ဖြင့် ပွတ်တိုက်ပေးသည်။
အမြင်အာရုံများသည် window07မှတဆင့် မှာယူစားသုံးသည်။ ဒီလိုနဲ့ပဲ
ဂွေးဖြူသီချင်းထဲကလို နား၊မျက်စိတွေကန်းသွားပြီပဲ။ ရိုစီဆိုလို့
မေသော်က၀တ်သော အောက်ခံဘောင်းဘီတွင် နှင်းဆီပန်းတစ်ပွင့်ပါ
သည်။ ဒါကသူကြိုက်လို့ သူဝတ်တာ နင့်အပူတစ်ပြားမှ မပါဘူး။
လျှာမရှည်နဲ့ Ang Mo Kio ရောက်သွားမယ်။
ကျွဲကြီးက ဦးသိန်းမောင်ကြီးရယ်သည့် ပုံစံကိုကျွဲစတိုင်ဖြင့် ရယ်သည်။
ဗမာစကားကို ဥရောပ လေယူ လေသိမ်း (ပုဇွန်တောင်ဈေးခြင်းဖြင့်)
သုံးစွဲသော ဒုတိယမြောက်ပုတ်ကိုမှာ ကောလိပ်ဂျင်ပြီးရင် ငါးပုလင်း
မျောက်ကြော်ဖြစ်သည်။
သောက်ပျဉ်းကတိုးနဲ(ခွေးမြီးကောက်ကြော်ဝင်း) ကြားရင်ငါ့ကို ဆဲနေ
တယ်ဆိုပြီး လုံးကြီးတင် ဆံခတ်ဝစ်စနှစ်လုံးပေါက် စာသားတွေ ရွတ်
ဆိုနေမည် ဖြစ်သည်။ဒီကြားထဲ ချီးထုတ်က တမှောင့်၊ မြေခွေးက တဖုံ။
ဟဲဟဲ ဦးဦးအာကယမ်က မျိုးမြင့်လေး သီချင်းထဲကလို မျက်မှန်လေးကို
မကာပင့်ကာနဲ့ မေသော်က ရှေ့တွင် mouse walk လျှောက်ပြနေသည်။
အဲဒီအချိန်မှာ လက်ခမောင်းခပ် တောကြောင်ရောက်လာပြီး ဟေးဟေး
အာကယမ် မင်းကဘာ အထာလဲ mouse walk မရှိဘူး cat walk ပဲရှိ
တယ်။92 model Toyota ကြီးရယ် ကယ်ကြပါဦးစင၊် စလုံးနဲ့စင်သည်။
မစ္စတာဗစ္စတာရင်း
မိုက်တဲ့ကောင်ထခွ
ဖနောင့်သံဆူးသူတို့၏ ဆန္ဒသိပ်မပါသော ဖေါသဖိတ်ဖြင့်ရောကြိတ်သော နှစ်ယောက်တစ်အိပ်မက် သင်္ဘောသီးသုတ်စား၍အပြီး မေသော်ကရဲ့ အသံဝင် ချွှဲသလိပ်ကပ် အစာမကြေလိပ်ခေါင်းသံဖြင့် ပြောသည်ကို ကျွဲကြီးတရှဲရှဲ ကြားလိုက်ရကတည်းက ငကျွဲ၏ အူမကြီးအတွင်း မတည်မငြိမ် ဖြစ်သွားသည်။
"ဘာ ဂေါင်းမူးပြီး အော့အန်လို့" ငကျွဲ၏ ဖုန်းပြောဆိုမှု မဆုံးစဉ်မှာပဲ "အောင်ပြီကွ၊အောင်ပြီကွ" ဟုခွါနာ လျှာနာ ပိုးဝင်အသံဖြင့် ပြောဆိုရင်း "မိုက်တဲ့ကောင် ထခွ.... မိုက်တဲ့ကောင်ထခွ" ဟုအသံကုန်ပြုပြီး ကျွဲရူးရူး နေသည်။
ထိုအခါ ငါးပုလင်းမျောက်ကြော် ငါးကြောင်ကြောင်ကာ ငကျွဲ၏ ပုခုံးထက်သို့ ဖါးပျံကပ်သလိုလုပ်ပြီး ခွလိုက် သည်။ ဘေးနားတွင် ရှိသောကြွက်မြင့်ဦးနှင့် ပုစင်းရင်ကွဲတို့ ဖင်စအိုလေခိုသွားသလို ဖြစ်သွားသည်။
''မျောက်ကြော်ဆင်းစမ်းဆိုပြီး" ငကျွဲလေခိုသံဖြင့် ချီးပေါက်လိုက်သည်။" မင်းပဲထခွဆိုလို့ ငါကခွလိုက်တာ ဟု" ငါးပုလင်းမျောက်ကြော်က ငကျွဲကို ခွထားရင်း တန်းလန်း ပြောလေသည်။ "အေးအဲလိုဆိုရင် နာပြီသာမှတ်'' ဟု ငကျွဲပြောရင်း ခွေး၁၀ကောင်စား၍ မကုန်နိုင်သော သူ့ကိုယ်လုံးကို ခွေးများတွင် သန်းကိုက်သောအခါ ခါချသလိုမျိုး ပုခုံးထက်မှ မျောက်ကြော်အား ခါချလိုက်သည်။ "ဘုတ်ခနဲ" အသံမြည်ပြီး ဖင်ကောက် ဆောင့်ကြောင့်ထိုင်နေသော နေရာသို့ ခွေကျသွားသည့် မျောက်ကြော်၏ မျက်နှာသည် မျောက်သေကိုဖနောင့်နှင့် ပေါက်ပြီး dettol ဆပ်ပြာရည် မသုံးရသော မေသော်က အိမ်က ချီးယိုသော နေရာနှင့် တူနေတော့လေသည်။ ထခွ (ထွက်ခဲ့)
မစ္စတာဗစ္စတာရင်း
ဆင်ဖမ်းမယ်၊ကျားဖမ်းမယ်၊ရထားသံလမ်းပေါ်အိပ်မယ်
မိုးလင်းတိုင်း လူအများက သူ့ရဲ့ မျက်နှာပြင်ပေါ် အာရုံစိုက်နေကြသည်၊၊
မျက်ထောင့်ကြီးနှစ်ဘက်မှာလည်း မီးဖိုထဲမှ မီးသွေးခဲ တမျှနီရဲ နေသည်၊၊
တချို့ကသူ့ကို နီကိုရဲ လို့လည်းခေါ်ကြတယ်၊၊“ ရဲတာမှဘာရဲသလဲလို့မ
မေးနဲ့ အိမ်သာတွင်းထဲတောင် ဆင်းပြရဲသေးတယ်” ဟုနားရွက်နှစ်ဘက်
ကို ဖလက်..ဖလက် နဲ့အသံမြည်အောင် ခါပြီး ပြောလေသည်၊၊ထိုသူမှာ
အခြားမဟုတ် လှမ်းလေရာခြေထောက်၊ဆွဲလေရာသစ်ကိုင်း၊ ကောင်း
လေရာပုလင်း၊ ငါးပုလင်းမျောက်ကြော် ဖြစ်သည်၊၊
ငါးပုလင်းမျောက်ကြော်သည် မကောင်းတာဆိုဘာတခုမှမလုပ်၊၊ ကောင်း
တာ ဆိုရင် အကုန်လုပ်သည်၊၊ ကောင်းတာဆိုသည်မှာလည်း ဘီယာ၊
အရက်၊ ငါး၊ ဖါး၊ ဆေးလိပ် စသည့် အရာများ နဲ့ ကောင်းနေတတ်သည်၊၊
ရံဖန်ရံခါ အကောင်းပါ လွန်တတ်သေးသည်၊၊
တမြန်နေ့ မနက်ခင်း က ကြွားကြွားဝါဝါ နေထိုင်ပြောဆိုတတ်သောကျွဲကြီး
သည် ငါးပုလင်းမျောက်ကြော် ၏ မျက်နှာမှုရာတည့်တည့်သို့သွားကာ
ညကအရက်ကောင်းခဲ့သည်ကိုကြွားဝါချင်သဖြင့်မျောက်ကြော်၏နှာခေါင်း
ဝဆီသို့လေပုပ်များမှုတ်ထုတ်ပြီး ငါ့ပါးစပ်က ဘာအနံ့ ရလဲဟုမေးသည်၊၊
“ရတော့ရတယ်၊ဒါပေမယ့်အာပုပ်နံ့ရတယ်၊၊”ငကျွဲခမြာကျွဲမြီးတိုသွားသည်၊၊
ကျွဲကြီးကမျောက်ကြော်အား“ငါမျောက်နဲ့စကားပြောရတာခွါညောင်းတယ်၊
အိမ်ပြန်ပြီး အိပ်နေတာပဲ ကောင်းဦးမယ်၊၊”မျောက်ကြော်က “ဟေ့ငကျွဲ
ဘယ်ကအိမ်လဲ၊မန်ဒိုင်းကအိမ်လား?၊မန်ဒိုင်းက အိမ်ဆိုရင်ဗွက်လူးပြီး
တခါတည်းတသက်လုံးတော့အိပ်နိုင် တယ်၊၊”
ကျွဲကြီးသည် “မန်ဒိုင်း”ဟူသော အသုံးအနှုန်းကို မသိသဖြင့် အပ်ကျသံ
ကြားရ လောက်အောင် ငြိမ်သက်သွားသည်၊၊ တကယ်ဆို ကျွဲကြီး သည်
ဘာမဆို မသိတာ၊ မတတ်တာ မရှိ ။ သူအသိဆုံး၊ အတတ်ဆုံးနောက်ဆုံး
ပြောစရာစကားမရှိတော့ပဲရှက်ရမ်းရမ်းကာ“မင်းဘယ်လောက်သတ္တိရှိလဲ
ဆင်ဖမ်းမလား၊ ကျားဖမ်းမလား၊ ရထားသံလမ်းပေါ်အိပ်မလား ။”
ဟေးငကျွဲ အိပ်ရေးမဝရင် နင် ပဲသွားအိပ်၊ ငါတော့ငါးကောင်း ပြီးယူလိုက်
ဦးမယ်၊၊လမ်းပေါ်တွင်မျောက် နဲ့ ကျွဲ လမ်းပိတ်နေသောကြောင့်စက်ဘီး
သမား သည် ကလင်၊ကလင်ဘဲလ် ကိုတီးလိုက်ရာ ငကျွဲ သည်လန့်ဖြန့်ပြီး
ဗွက်အိုင်ရှိရာသို့ ကဆုန်ပေါက် ထပြေးလေတော့လေသည်၊၊
မစ္စတာဗစ္စတာရင်း
မျောက်ရည်ခြုံသောကျွဲကြီး

"မင်းရဲ့မျက်လုံးလေးများကတဖက်ကစွေကာ တဖက်ကစောင်းနေတယ်။"
ထိုစာသားသည်ဆောက်တည်ရာမရဖြစ်နေသော ငါးပုလင်းမျောက်ကြော် ၏အိမ်သာတက်ရင်း ဆိုသော လက်ရွေးစင် စာသားဖြစ်သည်။
ထို့အပြင်ငါးပုလင်းမျောက်ကြော်သည်ကျင်ငယ်စွန့်ရာတွင်လည်း အလွန်တရာမှထူးခြားမှုရှိသည်။ငါးပုလင်းမျောက်ကြော်ကျင်ငယ်စွန့် သောအခါ ဘယ်(သို့မဟုတ်)ညာဖက် ခြေထောက်တချောင်း ကိုမိုးပေါ်ကို ထောင်၍စွန့်သည်။
ထိုအကြောင်းကို ဆားဓာတ်နည်းသော ကျွဲကြီး သိရှိလျှင်ဧကန်မလွဲဝမ်း မြောက်ဝမ်းသာမည်။
ကျွဲကြီးသည် နဖူးပေါ်သို့ ခြေမတင်ကာ "လူသည် မည်သည့်နေရာက ဆင်းသက်လာသနည်?" လူသည် မျောက်မှဆင်းသက်လာသည်ဟု သူ့ကိုယ်သူ မေးခွန်းထုတ်ကာ သူ့ကိုယ်သူ ပြန်ဖြေသည်။ ပြီးတော့ မျောက်သည် ဘယ်ကဆင်းသက်လာသနည်း? ။ ကျွဲကြီး၏ ဒုတိယ မေးခွန်းမပြီးခင် "မျောက်သည်အိမ်သာထဲမှ ဆင်းသက်လာသည်ဟု '' မျောက်ကြော်က ဖြေဆိုလေသည်။
စက္ကန့်ပိုင်းအနည်းငယ်ကြာသောအခါကျွဲကြီးထံမှ"တောက်"ဆိုသောအသံ ပေါ်ထွက်လာသည်။ ထိုအသံသည်ကျွဲကြီး ပါးစပ်မှ ထွက်ပေါ်လာသော အသံလား?။ကျွဲကြီးလည်ပင်းတွင်ချိတ်ထားသောသစ်သားခလောက်နှစ်ခု မှပွတ်တိုက်ရိုက်ထွက်လာသော အသံလားဆိုပြီး မျောက်ကြော်သည် သူ၏နောက်ခြေဖြင့် နားရွက်ကို ပွတ်သတ်ကာ စဉ်းစားရခက်နေသည်။
ကျွဲကြီး ကျွဲမြီးတိုသွားပြီးမျောက်ကြော်ရှေ့တွင်လက်ခလယ်တစ်ချောင်း တည်းကို ရော့အင့် ပုံစံဖြင့် စပါယ်ရှယ်ထောင်ပြသည်။ ထိုအခါမျောက်ကြော်သည် နေ့စဉ်သုံး ဝေါဟာရများဖြင့် “နင်တို့ အဖေနဲ့၊နင်တို့အမေလား”၊ “နားအုံကို ဇလုံနဲ့ပိတ်ရိုက်လိုက်လို့ ”၊ “နားရင်းကိုပုလင်းနဲ့ တီးထည့်လိုက်ရင်.....
........................“ပုလင်းကဖန်ပုလင်းလား၊ပလတ်စတစ်ပုလင်းလား ဟု” ကျွဲကြီး စောဒကတက်နေလေတော့သည်။
မစ္စတာဗစ္စတာရင်း












