♪ ♫ ♠ ☼ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ ☼ ♠ ♫ ♪

Sunday, August 23, 2009

တံငါသည်မျောက်ကြော်၏ရေခဲစိမ် ပလပ်စတစ်ပုလင်းလေးများ

ကြယ်စင်များကိုရေတွက်နေသောကြောင့်လား၊ဒါမှမဟုတ်ကျေးဇူးရှင်
ကြမ်းပိုးကိုက်၍လားမသိ၊ညကမျောက်ကြော်မအိပ်သည်မှာအမှန်ပင်။
မျောက်ကြော်တွင်အိပ်တဲ့ညနှင့်မအိပ်တဲ့ညဟူ၍၂ပုလင်းခွဲထားသည်။
၁လုံးကမီးထွမ်းဖို့ ၊ ၁လုံးက ကက်ဆက်ဖွပ်ဖို့၊သို့သော်မနေ့ညက
သူ့အတွက်မအိပ်တဲ့ညဖြစ်သည်။

ဘွဲ့မှူးသီချင်းထဲကလို“ ငါးဖမ်းဝမ်းစာ ရှာ”ကုတင်ပေါ်ကနေတံငါသည်
လုပ်နေသည်။ဆရာခခွေးစာအုပ်ထဲကဆားပုလင်းနှင်းမောင်ကိုအားကျပြီး
သူ့နာမည်ကိုငါးပုလင်းမျောက်ကြော်ဟုခေါ်ပါကမျောက်ကြ၊ွမျောက်ကြွ
နှင့်ဖနောင့်သံဆူးသလိုဖြစ်နေသည်။

ဒါတင်မကသေးဒီနေ့ဘယ်နှစ်ကောင်ရသလဲလို့မေးရင်လွန်စွာမှနှစ်ခြိုက်
ကာ သွားနားရွက် တက်ချိတ်မည့်ပုံစံမျိုး။ တခါတလေကျတော့ မလွယ်
ပြတ်တုန်းလပ်တုန်း၂၃ ရက်နေနှောင်းပိုင်းရေချိုးပြန်သည့်ရက်များတွင်
သတိထားပြီးနှုတ်ဆက်ရသည်။ သို့မဟုတ်ပါကလုံးကြီးတင်ဆံခတ်
ဝစ္စနှစ်လုံးပေါ်က် ပစ္စည်းဖြင့်ကန်တော့ကာ ထောပနာပြုသွားနိုင်သည်။

Play ခလုတ်ကို နှိပ်လိုက်သည်။ အော်တာအဆိုတော်ဒိုးလုံး၏ “ အရိုးထိ
စွဲအောင်ရူး”သီချင်းကိုဆိုနီအဲရစ်ဆင် ဖုန်းဖြင့်နားသောတဆင်နေသည်။
လက်ကလည်း ဂဏာမငြိမ်၊ဟိုကွေး ဒီကွေးနဲ့ ဂိုင်စီကွေးနေလာတော့
မပြောတတ်ပါ။ ပြန်ပြောပြဖို့ တော်တော် ခက်လိမ့်မည်။သူချစ်သော
အော်တာအဆိုတော်ဒိုးလုံးမှကား အခုတော့ ချောသွားပြီ။မျောက်ကြော်ပဲ
ကျန်တော့သည်။ ဒါပေမယ့် သူလည်းချောနိုင်သည်။ ၀မ်းပျက်ဝမ်းချော
လောက်ပါ။

မစ္စတာဗစ္စတာရင်း


No comments:

Post a Comment