♪ ♫ ♠ ☼ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ ☼ ♠ ♫ ♪

Sunday, August 23, 2009

မိုက်တဲ့ကောင်ထခွ

ဖနောင့်သံဆူးသူတို့၏ ဆန္ဒသိပ်မပါသော ဖေါသဖိတ်ဖြင့်ရောကြိတ်သော နှစ်ယောက်တစ်အိပ်မက် သင်္ဘောသီးသုတ်စား၍အပြီး မေသော်ကရဲ့ အသံဝင် ချွှဲသလိပ်ကပ် အစာမကြေလိပ်ခေါင်းသံဖြင့် ပြောသည်ကို ကျွဲကြီးတရှဲရှဲ ကြားလိုက်ရကတည်းက ငကျွဲ၏ အူမကြီးအတွင်း မတည်မငြိမ် ဖြစ်သွားသည်။

"ဘာ ဂေါင်းမူးပြီး အော့အန်လို့" ငကျွဲ၏ ဖုန်းပြောဆိုမှု မဆုံးစဉ်မှာပဲ "အောင်ပြီကွ၊အောင်ပြီကွ" ဟုခွါနာ လျှာနာ ပိုးဝင်အသံဖြင့် ပြောဆိုရင်း "မိုက်တဲ့ကောင် ထခွ.... မိုက်တဲ့ကောင်ထခွ" ဟုအသံကုန်ပြုပြီး ကျွဲရူးရူး နေသည်။

ထိုအခါ ငါးပုလင်းမျောက်ကြော် ငါးကြောင်ကြောင်ကာ ငကျွဲ၏ ပုခုံးထက်သို့ ဖါးပျံကပ်သလိုလုပ်ပြီး ခွလိုက် သည်။ ဘေးနားတွင် ရှိသောကြွက်မြင့်ဦးနှင့် ပုစင်းရင်ကွဲတို့ ဖင်စအိုလေခိုသွားသလို ဖြစ်သွားသည်။

''မျောက်ကြော်ဆင်းစမ်းဆိုပြီး" ငကျွဲလေခိုသံဖြင့် ချီးပေါက်လိုက်သည်။" မင်းပဲထခွဆိုလို့ ငါကခွလိုက်တာ ဟု" ငါးပုလင်းမျောက်ကြော်က ငကျွဲကို ခွထားရင်း တန်းလန်း ပြောလေသည်။ "အေးအဲလိုဆိုရင် နာပြီသာမှတ်'' ဟု ငကျွဲပြောရင်း ခွေး၁၀ကောင်စား၍ မကုန်နိုင်သော သူ့ကိုယ်လုံးကို ခွေးများတွင် သန်းကိုက်သောအခါ ခါချသလိုမျိုး ပုခုံးထက်မှ မျောက်ကြော်အား ခါချလိုက်သည်။ "ဘုတ်ခနဲ" အသံမြည်ပြီး ဖင်ကောက် ဆောင့်ကြောင့်ထိုင်နေသော နေရာသို့ ခွေကျသွားသည့် မျောက်ကြော်၏ မျက်နှာသည် မျောက်သေကိုဖနောင့်နှင့် ပေါက်ပြီး dettol ဆပ်ပြာရည် မသုံးရသော မေသော်က အိမ်က ချီးယိုသော နေရာနှင့် တူနေတော့လေသည်။ ထခွ (ထွက်ခဲ့)

မစ္စတာဗစ္စတာရင်း

No comments:

Post a Comment