♪ ♫ ♠ ☼ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ ☼ ♠ ♫ ♪

Sunday, August 23, 2009

နိုးတ၀က်အာရုံ

နေ့ဆိုလည်းနေ့၊ညဆိုလည်းညမို့အီကွေတာရာသီဥတု၏ဒေသဖြစ်သော ကြောင့်ဇောချွေး များပြန်ကာ နိုးထခဲ့ရသည်၊၊

မအိပ်ခင်က သောက်လက်စ လက်ကျန် ကိုကာကိုလာ သံဗူး အချိုရည်ကို အပြီးသတ် တချိုက်တည်းမော့ချလိုက်သည်၊၊ နစ်ကိုတင်းခပ်ပျော့ပျော့ မာဘိုရို လိုက် စီးကရက် ၏ အခိုးအငွေ့များကို အက်ထမိုစဖီးရား အလွှာထဲသို့ လွှင့်ထုတ်လိုက်သည်၊၊

ရီဝေနေသော မျက်လုံးအိမ် မှာ မီးအလင်းအမှိန်လျှော့ ဒင်မာကွန်ထရိုး ကို မက်ဆီမန် ထိ တင်ချလိုက်သလိုမျိုး မီးအရောင် တဖြည်းဖြည်းနဲ့ လင်းလက် ကျယ်ပြန့် လာသလို ကျယ်ပြန့်လာခဲ့သည်။ စိတ်ကူးများ သည်လည်း ဂူဂယ်(လ်)အပ်(တ်)ကို စကိုင်းဗြူး အလွှာအသွင် သို့ ပြောင်းကြည့်သောအခါ ကြယ်စင်များ၊ ဂြိုလ်များ၊ ကြယ်တံခွန်များ ကစဉ့်ကလျားနဲ့ လွှင့်စဉ် ပျံကျဲ နေသည်၊၊

ဘာလို၍လိုအပ်နေလဲတော့မသိ၊ ရသကိုးပါးထဲက တစ်ခုသော ရသ ကို ခံစားနိုင်ရန် တီဗီပါဝါ ကိုအွန်လိုက်သည်၊၊ ပြီးတော့ အီးအက်(စ်)ပီအင် ချန်နယ် ကို ရွှေ့လိုက်သည်၊၊ ချန်ပီယံ လိဂ် ဖလား အတွက် နောက်ဆုံး ဗိုလ်လုပွဲကို ၀င်နေသော နာမည်ကျော် အသင်းနှစ်သင်း အကြိတ်အနယ် ယှဉ်ပြိုင်နေသည် ကို တွေ့ရသည်၊၊

တမုဟုတ်ချင်းဆိုသလိုလျှပ်စီးများလင်းလက်မှုနဲ့အတူ “အီးအယ်(လ်)စီဘီ” ပြုတ်ကျ သွားသည်၊၊ ခလုတ်ပြန်တင်ရန် ဆန္ဒမရှိသောကြောင့် အခြေအနေကပြန်လည် အိပ်စက်ရန် အဆုံးအဖြတ် ပေးခဲ့လေသည်၊၊

မစ္စတာဗစ္စတာရင်း


No comments:

Post a Comment