♪ ♫ ♠ ☼ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ ☼ ♠ ♫ ♪

Sunday, August 23, 2009

နိုးကာဗာအိုက်(စ်)ခရင် တေးသံရှင် မေသော်က နှင့် အင်တာဗျူး


မေသော်က ၊၊ ၊၊ ဆရာဗစ္စတာရင်းကိုတွေ့ရတာ မင်္ဂလာပါနော်၊၊
ဗစ္စတာရင်း ၊၊ ၊၊ မင်္ဂလာပါ၊၊
မေသော်က ၊၊ ၊၊ ညီမ သိချင်တာလေးတွေ ဆရာ့ကို မေးလို့ရမလားရှင့်၊၊
ဗစ္စတာရင်း ၊၊ ၊၊ ရတယ်ရှင့်၊၊ အင်းမှားသွားလို့၊ ရတယ်ဗျ၊၊ ဒီမှာက မမေးခင်ကတည်းကပင်၊
ဖြေချင်နေတာ၊ ခေါင်းပေါ်ကို ကြမ်းပိုးတတ်သလိုပဲ၊၊
မေသော်က ၊၊ ၊၊ ဆရာဗစ္စတာရင်း ရဲ့ အသက်လေး သိပါရစေရှင့်၊၊
ဗစ္စတာရင်း ၊၊ ၊၊ သြော်အသက်လား၊ အသက် “ဟောလိဝုဒ်” မှာရုပ်ရှင်သွားရိုက်နေတယ်လေ၊၊
မေသော်က ၊၊ ၊၊ အဲဒီ အသက်မဟုတ်ဘူး၊ D.O.B ကိုပြောတာ၊၊
ဗစ္စတာရင်း ၊၊ ၊၊ D.O.Bတော့မေ့သွားပြီ၊BOB ပဲသိတယ်၊၊

မေသော်က ၊၊ ၊၊ အင်းအဲဒါဆိုရင် ဆရာ က ဘယ်တုန်းက၊ဘယ်မှာမွေးတာလဲ၊၊
ဗစ္စတာရင်း ၊၊ ၊၊ ဒို့ကို မိုးရွာတဲ့နှစ်မှာမွေးတာ၊၊
မေသော်က ၊၊ ၊၊ မိုးကနှစ်တိုင်းပဲရွာနေတဲ့ဥစ္စာ၊၊
ဗစ္စတာရင်း ၊၊ ၊၊ အဲဒါတော့ ဘယ်သိမလဲ၊ကိုယ်သိသလောက်ပြောပြတာကို အရေးထဲ
သူကစိတ်ဆိုးနေပြီ၊၊
မေသော်က ၊၊ ၊၊ မွေးချင်းဘယ်နှစ်ယောက်ရှိလဲရှင့်၊၊
ဗစ္စတာရင်း ၊၊ ၊၊ သြော် လူကိုလာပြီး မှိုချိုး၊ မျှစ်ချိုး၊အညွှန့်ချိုးပြီးလာပြောမနေနဲ့၊
ခြင်းနဲ့မွေးတာမဟုတ်ဘူး၊ဆေးရုံမှာမွေးတာကွ၊၊
မေသော်က ၊၊ ၊၊ အရေးထဲဘာလာ ဂေါက်နေလဲမသိဘူး၊၊

မေသော်က ၊၊ ၊၊ ဆရာ ဘလော့ဂ်ထဲကိုဘယ်အချိန်လောက်ကစပြီး ဝင်ရေးခဲ့သလဲဆိုတာ
သိပါရစေရှင့်၊၊
ဗစ္စတာရင်း ၊၊ ၊၊ အင်း ကိုယ်ဘလော့ဂ် စရေးတဲ့အချိန်ကိုပြောရရင်နည်းနည်းတော့အပိုစာသား
တွေပါမယ်၊၊
သည်းခံပြီးနားထောင်၊၊
ကိုယ့်ကိုသူများတွေကပြောတာပေါ့နော်၊၊
“ဘလော့ဂ်လေးဘာလေးမရေးဘူးလားတဲ့၊၊
အခုဘလော့ဂ်ရေးတာအရမ်းခေတ်စားနေတယ်တဲ့”
အဲဒါဆိုတော့ကိုယ်ကပြန်မေးလိုက်တယ်၊၊
ဘယ်လိုရေးရမလဲမေးတော့ သူက
“မသိဘူးတဲ့”
အရေးထဲ အနူကိုလက်စွပ်ဝယ်ဝတ်ခိုင်းနေသလိုဖြစ်နေပြီ၊၊
အဲဒါနဲ့ ကိုယ်ကအဲဒီအချိန်ကစပြီးဘလော့ဂ်ဗိုင်းရပ်စ်ပိုးကိုစရခဲ့တာ၊၊
မေသော်က ၊၊ ၊၊ အဲဒါဆိုရင် ဆရာက ဆေးရုံတို့၊ဆေးခန်းတို့သွားမပြဘူးလား၊၊
ဗစ္စတာရင်း ၊၊ ၊၊ သြော်ဒုက္ခပဲ၊စာသံပေသံကျအောင်ထပ်တူပြုပြီးပြောနေတာဗျ၊၊
မေသော်က ၊၊ ၊၊ သွပ်ပြားကသိပါဘူး၊၊အင်းပြီးတော့…
ဗစ္စတာရင်း ၊၊ ၊၊ အဲဒီအချိန်ကစပြီး ဘလော့ဂ်ကိုဘယ်လိုအကောင့်ဖွင့်ရေးရမလဲ၊၊
တန်းပလိတ်ကိုဘယ်လိုပြင်ဆင်ရမလဲ၊၊
အဲကနေစပြီးလေ့လာတော့တာပဲ၊၊

ဗမာဘလော့ဂ်ရေးရမယ်ဆိုတော့ဗမာလိုလည်းရိုက်တတ်ရဦးမှ၊၊
ညီမ သိတဲ့အတိုင်းပဲလေ၊၊
အင်္ဂလိပ်လိုနဲ့ဗမာလိုရိုက်ရာမှာဗမာလိုကပိုခက်တယ်လေ၊၊
အဲဒါနဲ့ဗမာလိုရိုက်ဖို့အတွက်စတင်ပြင်ဆင်ရတာပဲ၊၊

အဲတုန်းကဗမာလိုရိုက်ဖို့တရက်လောက်ကြာတယ်၊၊
တရက်ဆိုတာကလည်း၂၄နာရီတရက်ကိုဆိုလိုတာမျိုးတော့မဟုတ်ဘူး၊၊
အလုပ်ကပြန်လာပြီးငါးလေးဘာလေးသောက်ပြီး၎-၅-၆နာရီလောက်
အမြီးမြှောက်လိုက်၊အီးပေါက်လိုက်နဲ့မြေစမ်းခရမ်းပျိုးပြီးမှုန်ဝါးဝါးနဲ့ရေး
လိုက်တာ၊အိပ်လည်းအိပ်ချင်တော့စာတမျက်နှာသာသာလောက်ရလိုက်
တဲ့တရက်အနေအထားကိုပြောတာ၊၊
အခုတော့child play, chicken chockဖြစ်သွားပြီ၊၊


မေသော်က ၊၊ ၊၊ အရေးထဲကြော်ငြာကဝင်လိုက်သေးတယ်၊၊
အဲဒါနဲ့ပြောပြပါဦးရှင့်၊၊
ဗစ္စတာရင်း ၊၊ ၊၊ ပြောပဲပြောမယ်၊ပြတော့မပြတော့ဘူး၊၊
ဒီလိုနဲ့ပဲမျက်စိအမှုန်ခံပြီးရေးတာမှာ-
လွန်ခဲ့တဲ့၂နှစ်လောက်ကပေါ့၊တိတိကျကျပြောရရင်-
၂၀၀၇ခုနှစ်ဒီဇင်ဘာ၃၁ရက်နေ့၊ညသန်းခေါင်၁၂နာရီထိုးMARINA BAY
ကHAPPY NEW YEAR 2008 အော်လို့အပြီးမှာကိုယ့်ရဲ့ဘလော့ဂ်က
Google server ထဲကိုအောင်မြင်စွာနဲ့တင်ပို့နိုင်ခဲ့တယ်၊၊
ပြီးတော့ကိုယ့်ဖင်ကိုယ်ကြားအောင်စိတ်ထဲကနေအောင်ပြီကွ၊အောင်ပြီကွ
လို့အော်ပြီးကြည်နူးမှုတွေကမျက်နှာပေါ်သကာရည်ဆမ်းသလိုဖြစ်သွားပြီး
ကြည်နူးမိခဲ့တယ်၊၊

မေသော်က ၊၊ ၊၊ ဆရာရဲ့ဘလော့ဂ်ကအရင်တုန်းကဘလော့ဂ်ဒီဇိုင်းနဲ့သိပ်မတူဘူးနော်၊၊
Decorationတို့၊ကောင်တာတို့၊နာရီတို့ အရင်တုန်းကမပါဘူးနော်၊
အခုကျတော့စုံနေတာပဲနော်၊၊ဘယ်လိုမျိုး Upgrade လုပ်လိုက်တာလဲ၊
သိပါရစေရှင့်၊၊


ဗစ္စတာရင်း ၊၊ ၊၊ အရင်တုန်းကကိုယ့်ဘလော့ဂ်စရေးတုန်းက technique တွေလည်း
သိပ်မစုံသေးဘူးပေါ့၊၊
နောက်တချက်ကကိုယ်ရေးတဲ့ပို့စ်တွေကို ကိုယ့်ပါတနာတွေကိုလည်း
ဖတ်စေချင်တယ်ပေါ့ဗျာ၊၊
ပို့စ်လေးတင်ပြီးသွားတာနဲ့ sms လေးနဲ့ alert လှမ်းလုပ်လိုက်တယ်၊၊
ကိုယ့်ပါတနာတွေက sms လေးရတာနဲ့ကိုယ်တော်လေးပို့စ်တခုတင်
လိုက်ပြီလို့ သူတို့က အော်တိုငုပ်တုပ် understood ဖြစ်သွားကြတယ်၊၊
အဲတုန်းက ဇော်ကျားဖေါင့်တွေက Unicode မဖြစ်သေးဘူး၊၊ ဆောရီး-
မှားသွားလို့၊ဇော်ဂျီဖေါင့်ကိုပြောတာ၊၊

ကိုယ့်ကိုအားပေးတဲ့ပါတနာတွေအတွက်ဘယ်ဖေါင့်မှဒေါင်းလုတ်
လုပ်စရာမလိုပဲစေတနာ အလကားမတ်တင်းနဲ့ ကိုယ်ပို့စ်လုပ်မယ့်စာကို
Word မှာရိုက်၊ print screen နှိပ်၊ paint ပေါ်မှာ pasteလုပ်ပြီး jpeg
Format စာရုပ်ပုံအနေနဲ့တင်လိုက်တာပါ၊၊
Microsoft ပဲဖြစ်ဖြစ်၊ Mac နဲ့ပဲဖြစ်ဖြစ်ကြည့်လို့အဆင်ပြေအောင်လုပ်ထား
တာပါ၊၊ အဲတုန်းက template က google ရဲ့ format နဲ့ပေါ့၊၊
အခုကျတော့ကိုယ်စိတ်ကြိုက်ဒီဇိုင်းထုတ်ထားတဲ့templateပါ၊၊
စိတ်ကြိုက်ဆိုပေမယ့်လည်းအများကြီးလိုသေးပါတယ်၊၊

မေသော်က ၊၊ ၊၊ အခုလိုtemplate ကိုစိတ်တိုင်းကျလုပ်နိုင်ဖို့အတွက် ဆရာက C language,
Html, xml, xhtml နဲ့ C ပလပ်၊ပလပ် တို့ကိုအရမ်းကျွမ်းတယ်လို့
သိရတယ်ရှင့်၊၊
ဗစ္စတာရင်း ၊၊ ၊၊ ကျွမ်းတာကရောဂါပါ၊၊
ဒါပေမယ့် ကဗျာမမီ၊စာမပီပေါ့၊၊


မစ္စတာဗစ္စတာရင်း

1 comment: