♪ ♫ ♠ ☼ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ ☼ ♠ ♫ ♪

Sunday, August 23, 2009

အလိုရှိသည်၊၊ (ရင်တွင်း၌ခန့်ထားရန်)

ဖြူပြာရယ်
ကြည်ပြာရယ်
သူဇာရယ်က
အကြင်နာလေးတွေပိုပါတယ်၊၊

ဒီမှာလေတို့က
မြင်နေရင်လည်း
ကြင်နာခဲ့ပြီ

ခေါ်ချင်ပေမယ့်
ပေါ်မလာဘူးကွယ်
ဟာနေရင်ထဲ
ဒီမှာနွမ်းလျ
ကျွမ်းလှပြီကွယ်

မမျှော်လင့်တဲ့ အကြည့်တွေနဲ့
ဖုံးဖိဖယ်ရှား
တကိုယ်တည်းလေ
တွေဝေနေဆဲ
အဖြေမရှိ၊အမေးမရှိ
ဝေဒနာတွေလည်းမရှိပါဘူး

ပြန်ပြောပြဖို့ vistaring.blogspot.com ရယ်
rgbandtri.blogspot.com ရယ်
sms ရယ်
My Nokia; old model
ကြီးကအသိဆုံးပါ။

လိုအပ်နေတဲ့ဒီရင်ထဲမှာ
ဘယ်အချိန်
ဘယ်ဝယ်
ဘယ်သူကများ
လျှောက် လာရင်ခုန်မလဲ။

တို့ကိုချစ်ရင်
လျော့ပေါ့အရည်အချင်း
စဉ်းစားပေးပြီး
နတ္တိလစာအကြင်နာအပြည့်နဲ့
ဘ၀လက်တွဲဖေါ်အဖြစ်
တကယ်ပါလေခန့်အပ်မှာပါ။

မစ္စတာဗစ္စတာရင်း

No comments:

Post a Comment